![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/20_30.jpg?itok=3f5RKuXF)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဦးစီးမှူး ဒေါ်ဇင်ဖြူဝင်းနှင့် ဝန်ထမ်းများသည် (၁၀.၁.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ဘိုးရာဇာရပ်ကွက်ရှိ “မိဘစွမ်းအား” သောက်ရေသန့်လုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင် “မိဘစွမ်းအား” သောက်ရေသန့်စက်ရုံ၏ တာဝန်ရှိသူ ဒေါ်သင်းသင်းခိုင်(တာဝန်ခံ)အား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူ များသန့်ရှင်းသော ဘေးအန္တရာယ်ကင်းသော သောက်သုံးရေရရှိစေရန်၊ ကုန်ထုတ်လုပ်မှု အဆင့်ဆင့်အား သတ်မှတ်စံချိန်စံညွှန်းအတိုင်းထုတ်လုပ်ရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပြဌာန်းချက်နှင့်အညီ ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းအရာများနှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်အချက်များကို အသိပညာပေးဆွေးနွေးခဲ့ပြီး ရောင်းချဖြန့်ဖြူးမှုအခြေအနေအား မေးမြန်းရာတွင် လက်ရှိကာလ၌ ရေသန့်တစ်ဗူး (20 Litres) လျှင် ၁၅၀၀ ကျပ်၊ (1 Litre) တစ်ကဒ် (၆) လုံးလျှင် ၂၉၀၀ ကျပ်၊ 350 ml တစ်ကဒ် (၁၂) လုံးလျှင် ၃၉၀၀ ကျပ်ဖြင့် ဘီးလင်းမြို့နယ်အတွင်း၌ ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မွန်)