ကျိုက်မရောမြို့နယ်၌ တိုင်ထောင်ပဲသီးများအထွက်နှုန်းကောင်း၍ မိသားစု အပိုဝင်ငွေရရှိ

Powered by Drupal

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရေတွင်းကုန်းကျေးရွာတွင် ဆောင်းသီးနှံ ပဲတောင့်ရှည်သီးများ စိုက်ပျိုးမှု အထွက်နှုန်းကောင်း၍ အိမ်ရှင်မများ မိသားစုဝင်ငွေတိုးကာ အပိုဝင်ငွေရရှိလျှက် ရှိနေကြောင်း သိရသည်။ ဆောင်းသီးနှံ ပဲတောင့်ရှည်သီးများ ယခုနှစ်တွင် အထွက်နှုန်း ကောင်းမွန်ကာ ရောင်းဝယ်မှု ဈေးကွက်ရှိသောကြောင့် စိုက်ပျိုးသူများ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

တိုင်ထောင်ပဲသီး စိုက်ပျိုးရန်အတွက် ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ၂သိန်းခန့် ကုန်ကျကြောင်း၊ မျိုးစေ့တစ်ဘူးလျှင် သုံးထောင်ကျပ်ပေးရပြီး အစေ့မှ အပင်ငယ်လေးများ ပျိုးကာ အညွှန့်တက်လာလျှင် တိုင်ထောင်ပေးရကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် အသီးများခူးယူရရှိကာ နှစ်ရက်ခြားတစ်ကြိမ် ပဲတောင့်များခူး၍ အစည်းလိုက် ဖောက်သည်ပေးရပြီး တစ်နေ့လျှင် အစည်းပေါင်း ၁၃ဝ ခန့် ရရှိကြောင်း၊ နှစ်ရက်ခြား တစ်ကြိမ်ဝင်ငွေ ခြောက်သောင်းခန့် ရရှိသဖြင့် အိမ်ရှင်မများ မိသားစုဝင်ငွေတိုးပွား၍ ပဲသီး ထွက်ချိန်ရာသီ၌ စီးပွားရေးအဆင်ပြေလျှက်ရှိကြောင်း ပဲသီးစိုက်ပျိုးသူ ဒေါ်စမ်းမြ ထံမှ သိရသည်။

DOCA(မွန်)