၂၀၂၅ ခုနှစ် ဇန်နဝါရီလ တတိယပတ်တွင် သံလွင်မြစ်ကမ်းနဘေးရှိ ယာခင်းများမှ ဒေသထွက် ကိုင်းခရမ်းချဉ်သီးများ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ယခင် ၂၀၂၄ခုနှစ် ဒီဇင်ဘာ နောက်ဆုံအပတ်တွင် ကိုင်းခရမ်းချဉ်သီး ဈေးနှုန်းမှာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် ၁၃၀၀၊ ၁၅၀၀ ကျပ်နှုန်းနှင့် ယခုဇန်နဝါရီလ တတိယအပတ်တွင် ကိုင်းခရမ်းချဉ်သီ လက်ကားဈေးနှုန်း တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှင့် လက်လီဈေးနှုန်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိသည်။
ကရင်ပြည်နယ်ဒေသတွင် ဖြစ်ပေါ်နေသာ ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ဇန်နဝါရီလ တတိယပတ် ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ကရင်ပြည်နယ်အတွင်း ကိုင်းခရမ်းချဉ်သီးဈေးနှုန်း အနည်းငယ်ကျနေသည်ကိုတွေ့ရပြီး ယခုလို ကိုင်းခရမ်းချဉ်သီ ဈေးနှုန်းကျရခြင်းမှာ ပွင်းလင်းရာသီဖြစ်၍ စိုက်ခင်းမှ ကိုင်းခရမ်းချဉ်သီးတစ်ပြိုင်တည်း ထွက်ရှိခြင်းနှင့် ရိုးရိုးခရမ်းချဉ်သီးများ ဈေးပေါပေါဖြင့် ဝင်ရောက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ကရင်)