ညောင်လေးပင်မြို့မဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ  ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက်  (၆.၅.၂၀၂၂) ရက်နေ့တွင် ပဲခူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ညောင်လေးပင်မြို့ မြို့မဈေး ဈေးရုံအောက်ထပ်၊ ဈေးအနောက်လမ်း၊ ဈေးအရှေ့လမ်းများ၌ ‌ရောင်းချ လျက်ရှိသော ဆေးဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR) ဖော်ပြထားခြင်းမရှိသော ပလာစတာများ ဈေးကွက်အတွင်း တရားမဝင်ရောင်းချခြင်း ရှိ/မရှိ သွားရောက် စစ်ဆေးခဲ့ပါသည်။

          ထိုကဲ့သို့ သွားရောက်စစ်ဆေးရာတွင် ညောင်လေးပင်မြို့ (မြို့မဈေး)နှင့် ပြွန်တန်ဆာမြို့ (စည်ပင်သာယာ)ဈေးများရှိ ဆေးဆိုင်များတွင် ဘူဒီအကိုက်အခဲ ပျောက်ဆေး ပလာစတာ ၊ Balladonna အအေး ပလာစတာ ၊ Tigger Balm အကိုက်အခဲပျောက်ဆေး ပလာစတာ၊ Capsicum အပူပလာ စတာနှင့် ကြောကပ် ပလာစတာများကိုသာ ရောင်းချလျက်ရှိပြီး ၎င်းအမှတ်တံဆိပ်ပါ ပလာစတာ များတွင် ဆေးဝါးမှတ်ပုံတင်အမှတ်နှင့် Import Registration No.(IR)များ ပါရှိပါသည်။  ညောင်လေးပင် မြို့ (မြို့မဈေး)နှင့် ပြွန်တန်ဆာမြို့ (စည်ပင်သာယာ)ဈေးများရှိ ဆေးဆိုင်များတွင် တရားမဝင် ပလာစတာများ ရောင်းချခြင်း မရှိဘဲ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ ပုဒ်မ (၄၁) အရ ကုန်အညွှန်း အမှတ်အသားများလည်း ပြည့်စုံစွာ ပါရှိသည့်အတွက် သုံးစွဲသူပြည်သူများအနေဖြင့် အထက်ဖော်ပြပါ ကုန်စည်များအား ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)