မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် လစဉ် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၆-၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများ ဖြစ်သည့် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် ကုန်စုံဆိုင် (၃)ဆိုင်အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးက ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြ ရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့် ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်စသည့် တို့ကို သိသာထင်ရှားစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်း က စားသောက်ကုန်များတွင် ဓါတုဗေဒဆိုးဆေးများပါဝင်သည့် ကုန်စည်များရောင်းချခြင်းမပြုရန်၊ တားမြစ်ထားသည့် ကုန်စည်များလည်းရောင်းချခြင်းမပြုရန်နှင့် ရောင်းချနေသောကုန်စည်များတွင် ကုန်ဆုံးရက်စွဲများ ကြည့်ရှု၍ရောင်းချသွားရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)