မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဥယျာဉ်၊ ရွာတော်၊ ပန်းတော်ပြင်၊ ညောင်ပင် သာစသည့်ကျေးရွာများသည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မုန်လာဥဖြူနှင့် ပဲတောင့်ရှည်သီးနှံများ သည် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် လှိုင်လှိုင်ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မုန်လာဥဖြူ(၃)ဥ (၁)စည်းလျှင် ကျပ်(၂၅၀)၊ ပဲတောင့်ရှည်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် မုန်လာဥဖြူ(၃)ဥ(၁) စည်းလျှင် ကျပ်(၄၀၀)၊ ပဲတောင့်ရှည်သီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀-၃၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ ယခုတစ်ပတ်နှင့်နှိုင်းယှဉ်ပါက မုန်လာဥဖြူ ကျပ်(၁၅၀)၊ ပဲတောင့်ရှည်သီး ကျပ်(၁၀၀၀-၁၅၀၀)ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း၊ ယခုအချိန်သည် ဟင်းသီးဟင်းရွက်များလှိုင်လှိုင် ထွက်ပေါ်ချိန် ဖြစ်၍ ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)