ချောက်မြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံသည် (၈.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ချောက်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များတွင် ဘိလပ်မြေရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်းရောင်းချနေသော ဘိလပ်မြေအရောင်း ဆိုင်များတွင် ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ ဘိလပ်မြေအမျိုးအစားများ၊ တစ်အိတ်ချင်းစီ၏ တစ်အိတ်စျေးနှုန်း၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်ပစ္စည်းလက်ကျန်အခြေအနေများကို မေးမြန်းစစ်ဆေး ခဲ့ပြီး ဘိလပ်မြေဈေးနှုန်းများအနေဖြင့် အပါချီနှင့် အယ်လဖာ ကျပ်(၁၅၀၀၀)ဖြင့် ရောင်းချလျက် ရှိကြောင်း၊ ချောက်မြို့ပေါ်တွင် အိမ်ဆောက်ပစ္စည်းရောင်းချသည့် ဆိုင်(၅)ဆိုင်ရှိပြီး လက်ရှိအခြေအနေ တွင် ဘိလပ်မြေမှာယူရာတွင်အခက်အခဲရှိခြင်း၊ ဘိလပ်မြေစျေးနှုန်း အတက်အကျမတည်ငြိမ်ခြင်းများရှိ ကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မကွေး)