မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှု ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၈.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်း မုန့်ဈေးတန်းဆိုင်များသို့ သွားရောက်၍ ကျောင်းနေအရွယ်ကလေးများ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ကျောင်းဈေးဆိုင်များ၌ ရောင်းချသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်ရေး ရည်ရွယ်၍ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိမှုရှိ/မရှိ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းရှိ/မရှိ၊ အသုပ်မျိုးစုံရောင်းချရာ တွင်လည်း သန့်ရှင်းသပ်ရပ်စွာရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်း စေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရောင်းချရန်၊ သက်တမ်း လွန်နှင့် မှိုတက်အစားအစာများမရောင်းချရန်၊ အသုပ်မျိုးစုံရောင်းချရာတွင်လည်း တစ်ခါသုံးလက်အိတ် များသုံးစွဲပြီး ပစ္စည်းများကိုလည်း သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်အသုံးပြုရန်၊ ယင်မနားစေရန်အတွက် ပလတ်စတစ်အကြည်သားအုပ်ပြီး ရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(မကွေး)