ရွှေတောင်မြို့နယ်တွင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းစစ်ဆေးခြင်းများဆောင်ရွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များရှိ စတိုးဆိုင်များ တွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးရောင်းချသောဆိုင်များသို့ (၁၁.၁.၂၀၂၅)ရက်နေ့၊ နေ့လည်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် သွားရောက် ၍ ကွင်းဆင်းလေ့လာ‌ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် ကလေးအသုံးအ‌ဆောင် ပစ္စည်းများဖြစ်သော လက်တွန်းလှည်း၊ ကလေးစီးသောကွင်း၊ အရုပ်များကိုစစ်ဆေးရာ ကလေးအသုံးအဆောင်ပစ္စည်းကို အသုံးပြုရာတွင် ကလေးအတွက်အန္တရာယ်မဖြစ်နိုင်သော ကြိုတင်သတိပေးချက်များပါ ရှိရမည် ဖြစ်ပြီး စတိုးဆိုင်ပိုင်ရှင်များအား မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားပါရှိမှသာ ရောင်းချ ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း တားမြစ်ချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ပဲခူး)