မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဇီးပင်များကို တွေ့မြင်နိုင်ပါသည်။ ခြောက်သွေ့သော မန္တလေးတိုင်းဒေသကြီး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများတွင် ဇီးပင်ပိုပေါများသည်။ ဇီးသီးသည် ရာသီစာဖြစ်၍ တစ်နှစ်လျှင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်းဖြစ်သည်။ ဇီးသီးပင်များသည် သေချာစိုက်ပျိုးရသော အပင်မျိုးမဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ််သည်။ ဇီးသီးမှာ ဇီးချိုသီး၊ ဇီးချဉ်သီး၊ စလေဇီးသီး ဟူ၍ အမျိုးမျိုးရှိပါသည်။ ဇီးသီးကို ဇီးယို၊ ဇီးထုပ်၊ ဇီးပြား၊ ဇီးထန်းလျက် နှင့် ဇီးဖျော်ရည် စသဖြင့် အမျိုးမျိုးစားသုံးနိုင်ပါသည်။
ဇန်နဝါရီလတွင် ပေါ်ဦးပေါ်ဖျားဇီးသီးများကို ကန်ကြီးထောင့်မြို့ မြို့မဈေးတွင် တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ တစ်ဘူးလျှင် ၈၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)