ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတကုန်စည်ဒိုင်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်ထွက် ဆောင်းသီးနှံ ပဲမျိုးစုံများလည်း အနည်းငယ်စီ ထွက်ရှိလာပြီဖြစ်သဖြင့် မတ်ပဲ ၊ ပဲတီစိမ်းဆီပြောင်၊ ပဲတီစိမ်းအနီ ၊ ပဲယင်းနီ ၊ ပဲပုတ်ဆီတိုး ၊ ပဲလွန်းဖြူ ၊ ပဲလွန်းနီ အစရှိသောပဲများကို အရောင်းအဝယ်ပြုလုပ်နေကြကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်မတ်ပဲဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၀၂၅၀၀) ကျပ် ၊ ပဲယင်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၈၄၀၀၀)ကျပ်၊ ပဲတီစိမ်းဆီ ပြောင်ဈေးမှာပိဿာ (၂၀)တစ်တင်းကို (၁၁၀၀၀၀)ကျပ် ၊ ပဲတီစိမ်းအနီဈေးမှာ ပိဿာ(၂၀) တစ်တင်းကို (၁၁၅၀၀၀)ကျပ်၊ ပဲပုတ်ဆီတိုးဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၁၁၆၅၀၀)ကျပ်၊ ပဲလွန်းဖြူဈေးမှာ ပိဿာ( ၂၀ ) တစ်တင်းကို (၇၈၀၀၀)ကျပ်၊ ပဲလွန်းနီဈေးမှာ ပိဿာ(၂၀)တစ်တင်းကို (၈၉၀၀၀)ကျပ်ဖြင့်ရောင်း ချနေကြောင်းသိရှိရပါသည်။ ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ပါက ပဲတီစိမ်းအနီ၊ ပဲပုတ်ဆီတိုး ပဲလွန်းဖြူ၊ ပဲလွန်းနီဈေးများမှာ ပိဿာ(၂၀)တစ်တင်းကို (၁၀၀ဝိ/-မှ၂၀၀ဝိ)ကျပ်ထိဈေးအနည်း ငယ်မြင့်လာကြောင်းသိရှိရပါသည်။ အခြားပဲများမှာ တစ်ရက်လျင် ပျမ်းမျှအိတ်(၂၀၀)မှ(၃၀၀)ကြား အရောင်းအဝယ်ဖြစ်ပြီး၊ ပဲပုတ်ဆီတိုးသီးနှံမှာ တစ်ရက်လျင် ပျမ်းမျှ အိတ် (၁၀၀၀)မှ (၁၅၀၀)ကြား အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)