ချောင်းဆုံမြို့နယ်တွင် ပဲစိုက်တောင်သူများဆီသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၁၆.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ်ရှိ ပဲစိုက်တောင်သူ ဦးထွန်းသိန်း စိုက်ဧက (၂၂) ဧက ပိုင်ရှင်နှင့်တွေ့ဆုံ၍ ပဲမျိုးစုံကို အိန္ဒိယနိုင်ငံမှ ဝယ်လိုအား ကောင်းပြီး ဈေးကွက်ရှိသော်လည်း ပြည်ပဝယ်လက်များ မိမိနိုင်ငံအတွင်း စိုက်ကွင်းထဲထိဆင်း၍ ဈေးနှိမ်ဝယ်ယူခြင်းများ မရှိစေရေး မူဘောင်အတွင်းမှ ထိန်းကျောင်း ဆောင်ရွက်ရန် လမ်းညွှန်မှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် ပဲမျိုးစုံကို အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်း ဈေးကွက်ရှိသော်လည်း ပြည်ပဝယ်လက်များ မိမိစိုက်ကွင်းထဲထိဆင်း၍ ဈေးနှိမ်ဝယ်ယူခြင်းများ ရှိ/မရှိ မေးမြန်းခဲ့ရာ ချောင်းဆုံမြို့နယ် ဘိုးနက်ကျေးရွာမှ ပဲစိုက်တောင်သူ ဦးထွန်းသိန်း၏ ပြောပြချက်အရ မိမိ၏ကွင်းအမှတ် (၆၂၆) တွင် ပဲစိုက်ဧက (၂၂) ဧက စိုက်ပျိုးထားကြောင်း၊ ထွက်ရှိလာသောပဲများကို မော်လမြိုင်မြို့ပေါ်သို့ တင်ပို့ရောင်းချကြောင်းပြောကြားခဲ့ပြီး ပဲမျိုးစုံကို ပြည်ပဝယ်လက်များ မိမိစိုက်ကွင်းထဲထိဆင်း၍ ဈေးနှိမ်ဝယ်ယူခြင်းများမရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)