ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊  ၉:၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဆက်ဟိန်းကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးမင်းကိုကို ယာဉ်အမှတ် 3E-3189  HINO မော်တော်ယာဥ်နှင့် ၉း၃၀ အချိန်တွင် ရေးလမ်းရှိ ဟိုင်းဝေးစတားကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co,Ltd မှ  စားအုန်းဆီ (၉၀) ပေပါကို ယာဉ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 Nissan Diesel မော်တော် ယာဉ်ဖြင့် စုစုပေါင်းစားအုန်းဆီ (၁၇၄) ပေပါတို့ကို တင်ဆောင်၍ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံး သူရေးရာဦးစီးမှူး  ဦးစိုးဦးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း (၁၇၄) ပေပါအား ကုမ္ပဏီ၏ လက်ကား အ​ရောင်းကိုယ်စားလှယ်မှတစ်ဆင့်  ထားဝယ်မြို့ အိုးလုပ်ရပ် ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်  ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှ တစ်ဆင့် သတ်မှတ် ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအားရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိ ရပါသည်။­

DOCA(တနင်္သာရီ)