
(၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော် ခပေါင်းကွင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပမည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲယှဥ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အစည်းအဝေးအား ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ ဦးဆောင် ၍ ၁၄.၁.၂၀၂၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ (၃)ထပ်ဆောင် အစည်းအဝေးခန်းမကျင်းပပြုလုပ်ရာ အဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူးမှလည်း တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးမှ ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်မည့် MSME လုပ်ငန်းအမျိုးအစားများကို တင်ပြခဲ့ရာ အဖွဲ့ဝင်များမှ လိုအပ်သည် များကို ပြန်လည်ဆွေးနွေးခဲ့ကာ အစည်းအဝေးအား နေ့လည်(၁၁း၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)