
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့၊ နံနက် (၀၉း၀၀) အချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်း များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူး ပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့် ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် မပါရှိ သော တရားမဝင်ဆေးဝါးများရောင်းချနေမှုများ ရှိ/မရှိ ၊ ဆေးဝါးများပြတ်လပ်မှုရှိ/မရှိ နှင့်သက်တမ်း လွန်ဆေးဝါးများရောင်းချနေခြင်းရှိ/မရှိနှင့် ဆေးဝါးထားသိုသိမ်းဆည်းမှု ပုံစံများအား စစ်ဆေးခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)