ထားဝယ်မြို့ ကမ်းနားပျံကျစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

၂၀၂၅ ခုနှစ်၊ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက်(၀၈း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနား ပျံကျစျေးအတွင်းရှိ မုန့်ဖတ်၊ ချဉ်ဖတ်၊ ခေါက်ဆွဲဖတ်များ၊ ကုန်စုံဆိုင်များအား သက်ဆိုင်ရာဌာနများ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးအား ကုန် အညွှန်းအမှတ်အသားစစ်ဆေးခြင်း၊ မုန့်ဖတ်၊ ချဉ်ဖတ်၊ ခေါက်ဆွဲဖတ် များတွင် စားသုံးသူပြည်သူများ အန္တရာယ်ဖြစ်စေနိုင်သည့် ကန့်သတ်ဓါတုပစ္စည်းများပါဝင်မှု ရှိ/မရှိ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ Mobile lab မော်တော်ယာဥ်ဖြင့် စစ်ဆေးခြင်းနှင့် သန့်ရှင်းလတ်ဆတ်စွာဖြင့် ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ 

DOCA(တနင်္သာရီ)