ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊  ၀၉:၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦး ကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးအောင်ကျော်ကျော်၊ ယာဉ်အမှတ် 7M-2226/Hino အမျိုး အစားမော်တော်ယာဥ်ဖြင့်လည်းကောင်း အလားတူ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ ယင်းနေ့ ၀၉:၃၀ နာရီအချိန်တွင် Myanmar Oil Alliance Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၉၀) ပေပါကို ယာဥ်မောင်း ဦးဇော်ဇော်၊ ယာဉ် အမှတ် 9K-9082/Hino အမျိုးအစား မော်တော်ယာဥ်နှင့် Yadanarbon Global Network Distribution Co,Ltd မှ  စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၅၃) ပေပါကို ယာဥ်မောင်း ဦးညွန့်ဝင်း၊ ယာဉ်အမှတ် 3F-9719/ Nissan Diesel အမျိုးအစား မော်တော်ယာဥ်တို့ဖြင့် အသီးသီးရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ပြီး အဆိုပါ ကုမ္ပဏီအသီးသီးမှ ရောက်ရှိလာသည့် စားအုန်းဆီ စုစု ပေါင်း (၂၂၇) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ် ရပ်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင် အပါအဝင် အထိုင် ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်း ဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)