
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံ၊ ကုန်ခြောက်ဆိုင်များသို့ ရောနှောဆီ အပါအဝင် ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် FDA ထောက်ခံချက်ရှိ/မရှိအား ဇန်နဝါရီလ (၆)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးရောင်းချသော ကုန်မျိုးစုံ၊ ကုန်ခြောက်ဆိုင်များဖြစ်သည့် ဦးကျော်ဗလဆိုင်၊ ဦးသန်းဦးဆိုင်၊ မတင်ဇာခြည်ကျော် ဆိုင်နှင့် ဦးတင်လှိုင်ဆိုင်များသို့ ရောနှောဆီအပါအဝင် ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ စားသုံးဆီများဖြစ်သော သူဌေးမင်းအမှတ်တံဆိပ်နှင့် ကောင်းမှကောင်းအမှတ်တံဆိပ် စားအုန်းမြေပဲ ရောနှောဆီ၊ ကြာပန်းတံဆိပ်ဟင်းရွက်ဆီ(စားအုန်းဆီ)၊ ရွှေအုံမြေပဲဆီသန့်နှင့် ဘဲလေးဟင်းသီးဟင်းရွက်ဆီ၊ အဆင့်မြင့်သန့်စင်ထားသောစားအုန်းဆီ(၁၀၀%)တို့တွင် FDA ထောက်ခံချက်ပါရှိပြီး စစ်ဆေးတွေ့ ရှိကြောင်း စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်များသို့ ညွှန်ကြားချက်နှင့်ကိုက်ညီမှုမရှိသော စားသုံးဆီများ၊ FDA ထောက်ခံမပါရှိသော စားသုံးဆီ များအား ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)