“ သုံးခွမြို့နယ် ဈေးကွက်အတွင်း ဘိလပ်မြေနှင့် UPG အိမ်သုတ်ဆေးများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ ရပ်ကွက်များတွင် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေး ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဇန်နဝါရီလ (၇)ရက်နေ့၊ နေ့လယ်(၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်းချသော အမှတ်(၄)ရပ်ကွက် ၊ အောင်ဇေယျလမ်းရှိ ဦးအင်းရွှေနှင့်ညီမ ၊ ဒေါ်အေးကြည်ဆိုင် ၊ အမှတ်(၄)ရပ်ကွက် အနော်ရထာလမ်းရှိ ဦးမောင်မောင်ကြီးဆိုင်၊ အမှတ်(၇)ရပ်ကွက်၊ လေးကျွန်းမာရ်အောင် ဘုရားလမ်းရှိ မိဘမေတ္တာအိမ်ဆောက်ပစ္စည်းနှင့်အိမ်သုတ်ဆေးရောင်းချသည့်ဆိုင်နှင့်ဣစာ္ဆသယ အိမ်ဆောက်ပစ္စည်း ရောင်းချသောဆိုင်များသို့ ဘိလပ်မြေပြတ်လပ်မှုရှိ/မရှိနှင့် UPG အိမ်သုတ်ဆေးများ ပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းခဲ့ရာ ဦးအင်းရွှေနှင့်ညီမ ဒေါ်အေးကြည်ဆိုင်နှင့် မိဘမေတ္တာဆိုင်များတွင် Alpha ဘိလပ်မြေမှာ ဇန်နဝါရီလ (၇)ရက်နေ့၊ နံနက်တွင် ဘိလပ်မြေပြတ်လပ်ခဲ့ကြောင်း၊ ကျန်ဆိုင်များတွင်ပြတ်လပ်မှု မရှိကြောင်းနှင့် UPG အိမ်သုတ်ဆေးများမှာလည်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း၊ အဆိုပါပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)