“ ခရမ်းမြို့နယ်ဆေးဆိုင်များတွင် ရောင်းချသောတိုင်းရင်းဆေးဝါးများအားပူးပေါင်း အဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

          ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ခရမ်းမြို့ရှိ ဆေးဆိုင်များတွင် ရောင်းချလျှက်ရှိသော တိုင်းရင်းဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ ထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းတိုးဆောင်ရွက်ခြင်းမပြုဘဲ ဈေးကွက်အတွင်းဆက်လက် ထုတ်လုပ်ရောင်းချခြင်း ရှိ/မရှိနှင့် တိုင်းရင်းဆေးဦးစီးဌာနမှ ထုတ်ပြန်ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှုမရှိစေရေး တို့ကို မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ တိုင်းရင်းဆေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့စစ်ဆေးရာတွင် ပစ်တိုင်းထောင်ဆေးဆိုင်၊ ဇူလိုင်ဆေးဆိုင်၊ စွယ်တော်ဆေးဆိုင်၊ လဝန်းအိမ်ဆေးဆိုင်နှင့် ရွှေကံ့ကော်ဆေးဆိုင်များတွင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယင်းဆေးဆိုင် များတွင် ရောင်းချနေသောဆေးဝါးများတွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်များပါရှိပြီး ထုတ်လုပ်ခွင့် လိုင်စင်သတ်တမ်း ကျော်လွန်နေသော တိုင်းရင်းဆေးများ ရောင်းချမှုမရှိကြောင်း တွေ့ရှိရပြီး ဆေးဆိုင်များတွင်ရောင်းချသော ဆေးဝါးများတွင် စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကုန်ညွှန်းအမှတ်အသားပြည့်စုံ၍ သက်တမ်းဆေးဝါးများတားမြစ်များ အား ရောင်းချမှုမပြုကြရန် ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)