“ ခရမ်းမြို့နယ်အခြေခံမူလတန်း ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းခြင်း”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ အား ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ ရွေးချယ် ဝယ်ယူသုံးစွဲ တတ်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၈)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ ကြောင်းသိရသည်။

          အဆိုပါဟောပြောပွဲတွင် အမှတ်(၈)၊ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာမ ကြီးက ကျောင်းသား/ကျောင်းသူများအနေဖြင့် အသိပညာဟောပြောပွဲမှ ရရှိလာမည့် အသိပညာ ဗဟုသုတများကို လေ့လာမှတ်သား၍ နေ့စဉ်သုံးစွဲနေရသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို စဉ်းစားတွေးခေါ်ဝယ်ယူသုံးစွဲသည့် အလေ့အကျင့်ကောင်း ရရှိလာမည် ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်မှ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူတိုင်းသည် စားသုံးသူများ ဖြစ်သည့်အတွက် စားသုံးသူ၏ အခွင့်ရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးရန် စားသုံးသူ ကာကွယ်ရေးဥပဒေကို ပြဌာန်း၍ နိုင်ငံတော်မှကာကွယ်ပေးလျှက်ရှိပြီး စားသုံးသူများ သည်လည်း မိမိကိုကိုယ် မိမိကာကွယ်တတ် စေရန်လိုအပ်ပါကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် ကုန်စည်တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ကြည့်ရှု့၍ ရွေးချယ်ဝယ်ယူမှုများနှင့် ဝန်ဆောင်မှု၏ အဓိပ္ပါယ် ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်း အသိပညာပေးဟောပြောခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမ (၆)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၉၇)ဦး စုစုပေါင်း (၂၀၃)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။

DOCA(ရန်ကုန်)