တောင်ဒဂုံမြို့နယ် Shake မုန်မျိုးစုံလုပ်ငန်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ တိုင်းဒေသကြီးကွပ်ကဲမှု အောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ  ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများ မရှိ စေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြ ကြောင်း သိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုး နှင့် ဝန်ထမ်းများသည်  ၆.၁.၂၀၂၅ ရက်နေ့၊ နံနက် (၁၀:၀၀ )နာရီတွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံ မြို့နယ် စက်မှုဇုန်(၁) ၊ အမှတ်(၆၅) ၊ လွိုင်ကော်လမ်းရှိ Shake မုန့်လုပ်ငန်းအား သွားရောက် စစ်ဆေးရာတွင် လုပ်ငန်းအမျိုးအစား၊ ကြိတ်ခွဲထုတ်လုပ်သည့်ပမာဏ၊ စက်ကြိတ် အား၊ လုပ်ငန်းလည်ပတ်မှုအခြေအနေ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရယူထား ခြင်း ရှိ/မရှိနှင့်  ကြုံတွေ့ရသည့်အခက်အခဲတို့ကို မေးမြန်းခဲ့ကြောင်း ၊ ပြည်တွင်းမှာသာ ဖြန့်ဖြူးရောင်းချခြင်း ဖြစ်သည့်အတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် ၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသား နှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် အသိပညာပေး ခြင်းနှင့် မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)