သာကေတမြို့နယ်(ယုဇန )ဆိပ်ကမ်း သွားရောက်စစ်ဆေး

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်  အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (လက်ထောက်ညွှန်ကြားရေးမှူး) ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးအောင်မင်းကျော်(ဦးစီးအရာရှိ) ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင် နှင့် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးထက်ခိုင် တို့ ပါဝင်သော အဖွဲ့များသည် ၇.၁.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ်  (ယုဇန)   ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

          အဆိုပါ (ယုဇန) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV လစန္ဒာရေယာဉ်ဖြင့်  ရန်ကုန်မြို့မှ ကော့သောင်းမြို့သို့ ပို့ဆောင်မည့် ကုန်စည်များ စစ်ဆေးခြင်းဖြစ်ရာ စားသောက်ကုန်၊ လူသုံးကုန်များ တင်ဆောင်နေကြောင်းတွေ့ရှိရပြီး တရားဝင်ကုန်စည်များ သာဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)