
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ တိုင်းဒေသကြီးကွပ်ကဲမှု အောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများမရှိ စေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူး ဦးလှစိုး နှင့် ဝန်ထမ်းများသည် ၇.၁.၂၀၂၅ ရက်နေ့ ၊နေ့လည် (၁3:၀၀) နာရီတွင် ဒဂုံမြို့သစ်ခရိုင်၊ တောင်ဒဂုံ မြို့နယ် စက်မှုဇုန်(3)၊ အမှတ်(င/၇၈)၊ လောပိတလမ်းရှိ Precision Engineering Group လုပ်ငန်းအား သွားရောက်စစ်ဆေးရာတွင် စက်မှုလက်မှု လုပ်ငန်း အမျိုးအစားဖြစ်ပြီး သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်များရယူထားခြင်းရှိကြောင်း၊ ကြုံတွေ့နေရသည့် အခက်အခဲတို့ကို မေးမြန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအတိုင်း လိုက်နာဆောင်ရွက်လုပ်ကိုင်စေလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ ဥပဒေပါ ပြဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရန် အသိပညာပေးခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)