ဈေးကွက်အတွင်းဆေးဝါးများ ပြတ်လပ်ခြင်းရှိ/မရှိစစ်ဆေးခြင်း

Powered by Drupal

ဈေးကွက်အတွင်း ဆေးဆိုင်များတွင် ဆေးများရောင်းချခြင်းရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်ခြင်းရှိ/မရှိကို  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးနှင့် ဝန်ထမ်းများသည် ၆.၁.၂၀၂၅ ရက်နေ့တွင်  ပုဇွန်တောင်မြို့နယ် ၊ အကြည်တော်အိမ်ယာ ရွှေအိုးဆေးဆိုင်အား သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်း၌ အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်ရေးကို ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိစေရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိရာ ဈေးကွက်များအတွင်း ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)