ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုမှာ ပမာဏကျဆင်းလာသော်လည်း တန်ဖိုးမြင့်တက်လာ

Powered by Drupal

          ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းတင်ပို့မှု ပမာဏကျဆင်း လာ သော်လည်း တင်ပို့မှု တန်ဖိုးမြင့်တက်လာခဲ့ကြောင်း ဗီယက်နမ် ငရုတ်ကောင်းနှင့် ဟင်းခတ် အမွှေးအကြိုင်အသင်း၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဗီယက်နမ် သတင်းအေဂျင်စီမှ ၇.၁.၂၀၂၅ နေ့က ပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ပို့ကုန်ပမာဏ ၅.၁% ကျဆင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် ပို့ကုန်တန်ဖိုး ၄၅.၄% တိုးလာခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံနီးပါးအထိ ရောက်ရှိခဲ့ကြောင်း အဆိုပါ အသင်း၏ ထုတ်ပြန်ချက်အရသိရသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ငရုတ်ကောင်းမဲ ၂၂၀၂၆၉ တန် နှင့် ငရုတ်ကောင်းဖြူ ၃၀၃၃၁ တန် အပါအဝင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံအထိ ရရှိခဲ့ပြီး ငရုတ်ကောင်းဖြူ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၀.၆ သန်းရရှိခဲ့သည်။ သွင်းကုန်ဘက်တွင်လည်း ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၁၇၆.၂ သန်း တန်ဖိုးရှိသော ငရုတ်ကောင်း ၃၆၇၂၇ တန် ကိုဝယ်ယူခဲ့ပြီး ပမာဏအားဖြင့် ၃၈.၄% တိုးလာကာ ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ဖိုး ၉၉.၅% တိုးလာကြောင်းသိရသည်။

DOCA(ရန်ကုန်)