မှော်ဘီမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၈.၁.၂၀၂၅ ရက်နေ့ နံနက်(၉:၄၀)အချိန်တွင် မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည်  မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ပြည်လမ်းနှင့်တပ်ကြီးကုန်းရပ်ကွက်များရှိ ရွှေသုန်နဒီ၊ ရွှေပြည်စံရာနှင့် ဆုကြီးပန်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ဘိလပ်အမျိုးအစား၊ ယခင်လ/ယခု လဈေးနှုန်းနှင့်အတက်/အကျဖြစ်သည့်အကြောင်းအရင်း၊ မြေပြင်လက်ကျန် အခြေအနေ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းဈေးကွက်အခြေအနေတို့ကို မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)