နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၈.၁.၂၀၂၅)ရက်နေ့ နေ့လည်(၁၃:၁၅)အချိန်တွင် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တိုက်ကြီးမြို့နယ်ခွဲတာန်ခံ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်သည် မြို့မဈေး၊ ဗောဓိကုန်းရပ်ကွက် နှင့်ပြည်လမ်းမပေါ်ရှိ ဆိုင်များတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးရောင်းချနေခြင်းအား ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဦးပြုံးမောင်မောင်၊ ဒေါ်မာမာဦး၊ ဒေါ်ပြုံးပြုံးကြည်နှင့် ဒေါ်အိအိမိုးဇင်ဆိုင်တို့တွင် ရောင်းချနေသော နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့တွင် ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏသုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓါတ်မတည်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသည် ကို တွေ့ရှိရခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်တာဝန်များကို အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)