ထူးချွန် (Pre - School) ဝန်ဆောင်မှုလုပ်ငန်းအတွက် ဌာနဆိုင်ရာများနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် နိုင်ငံတော် မှ မတည်ရင်းနှီးထားသည့် ငွေကြေးအရင်းအနှီးကို Quality Loan အဖြစ်အမှန်တကယ် လိုအပ်သည့် MSME လုပ်ငန်းရှင်များထံသို့ အပြည့်အဝရရှိစေရေးနှင့် အကျိုးထိရောက်စွာ အသုံးပြူနိုင်ရေး စီမံကြပ်မတ်ဆောင်ရွက်လျက်ရှိရာ အမှတ်(2၃၄/၂၃၅) ၊ ခရေလမ်း ၊ (၇၂)ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်ရှိ ထူးချွန်(Pre-School) လုပ်ငန်းအတွက် MSME လျှောက်ထားသည့် လုပ်ငန်းရှင်အား  ၈.၁.၂၀၂၅ ရက်နေ့၊နံနက်(၁၀:၃၀)တွင် ချေးငွေပံ့ပိုးပေးနိုင်ရေး ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန ၊ ပြည်တွင်းအခွန် ၊ အလုပ်သမားဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ရဲတပ်ဖွဲ့၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာန စသည့် သက်ဆိုင်ရာ ဌာန များပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး မှ ဦးလှစိုး (ခရိုင်ဦးစီးမှူး) က မိမိတို့လုပ်ငန်းသည် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သည့်အတွက်  စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ အာမခံပေးခြင်းနှင့် ပတ်သတ်၍ အသိပညာပေးပြောကြားခဲ့ပါသည်။ DOCA(ရန်ကုန်)