ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၁၀-၁-၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဦးသိန်းထွန်း (ဌာနခွဲစာရေး) တို့သည် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ရွှေပြည့်စုံဈေးအတွင်းရှိ ခိုင်ရွှေဝါ ၊ကေကေ၊သစ်ခွ စသည့် ဆေးဆိုင်များ ၏ ဆေးဝါးရောင်းချမှုအခြေအနေ ၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ အခြေအနေ ၊ ဆေးနှင့်ဆေးပစ္စည်းများ၏ ဈေးနှုန်းအတက်အကျအခြေအနေတို့ကို သိရှိနိုင်ရန်အတွက် ဈေးစည်ပင်သာယာရေးအဖွဲ့ဝင် များဖြင့်ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်း အဆမတန်မြှင့်တက်မှုမရှိစေ ရေး၊ဆေးဝါးပြတ်လပ်မှုမရှိစေရေး ၊ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့်သာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများရောင်းချမှုမရှိစေရေး စသည်တို့ကို လိုက်နာဆောင်ရွက်ပေးရန်နှင့် လိုက်နာမှု မရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)