“ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတို့တွင်ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ (၉)ရက်နေ့၊ နေ့လည် (၁၃:၃၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးရောင်းချလျှက်ရှိသော ကုန်စုံဆိုင်များအား ကုန်စည်တွင်ထည့်သွင်း ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်းရောင်းချနေသော နို့နှင့် နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် စားသုံးသူများ ဖတ်ရှု့၍ နားလည်စေရန် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများဖြစ်သည့် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲသူနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များ ပြည်စုံ မှုရှိ/မရှိနှင့် ထုတ်လုပ်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဈေးကွက် တွင်ရောင်းချသော ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများသာ ရောင်းချရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးခြင်း ဈေးကွက်စောင့်ကြည့်ခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)