မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ပထမ ၉ လတွင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ သန်းကျော်တင်ပို့နိုင်ခဲ့

Powered by Drupal

၂၀၂၄-၂၅ ဘဏ္ဍာနှစ်ပထမကိုးလအတွင်း မြန်မာနိုင်ငံသည် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သန်း ကျော် တင်ပို့နိုင်ခဲ့ကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ ၉.၁.၂၀၂၅ ရက်နေ့က အဆိုအရ သိရသည်။ မြန်မာ နိုင်ငံသည် ယမန်နှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၉၄၈ သန်းရရှိခဲ့ကြောင်း MRF ကဆိုသည်။ စုစုပေါင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၃၃၇၄၉၀ ကိုယမန်နှစ် ဒီဇင်ဘာလတွင်တင်ပို့ခဲ့ပြီး ဝင်ငွေကန်‌ဒေါ်လာ ၁၄၅ သန်းရရှိခဲ့ကြောင်း အဆိုပါအဖွဲ့ချုပ်၏ အဆိုအရသိရသည်။ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ နယ်သာလန် နှင့် ဘယ်လ်ဂျီယံအပါအဝင်နိုင်ငံပေါင်း ၃၀ ကျော်သို့ ပင်လယ်ရေကြောင်းလမ်းမှ ဆန်နှင့်ဆန်ကွဲများတင်ပို့ခဲ့ကြောင်းသိရသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံသည် ဆန်နှင့်ဆန်ကွဲတန်ချိန် ၁.၆ သန်းကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း MRF ၏ အဆိုအရသိရသည်။

DOCA(ရန်ကုန်)