စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့ သည် (၉.၁.၂၀၂၅)ရက်နေ့ နံနက်(၉:၄၀)အချိန်တွင် အင်းစိန်မြို့နယ်၊ အမှတ်(၃၆၄)၊ ACE သဲကွင်း(ပ/၄)လမ်း၊ မြို့သစ်(ဂ)ရပ်ကွက်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချလျက်ရှိသော စားသောက်ကုန် ပစ္စည်းနှင့်အလှကုန်ပစ္စည်းများရောင်းချနေသောနေရာသို့ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ဒေါ်နီလာဝင်း၊ ဦးစီးမှူးမှ Online စနစ်ဖြင့် ရောင်းချနေသော လိပ်စာတွင် မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များ လျှောက်လွှာပုံစံ တွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ်တည်ရှိခြင်းရှိ/မရှိ၊ မှတ်ပုံတင် လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသော ကုန်စည်(သို့)ဝန်ဆောင်မှု အမျိုးအစားအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့ကို မြေပြင်ကွင်းဆင်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)