ဗီယက်နမ်တွင် အကြီးမားဆုံး စီးပွားရေး စင်တာဖြစ်လာမည်

Powered by Drupal

  Viet Phat Group JSC နှင့်ပူးပေါင်း၍ Bien Hoa မြို့တော်တွင် စီးပွားရေးစင်တာနှင့် ရုံးခန်း စတင် ဆောက်လုပ်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုစီမံကိန်း သည် အမေရိကန်ဒေါ်လာ ၂၃၆.၄ သန်းတန်ဖိုးရှိပြီး ဗီယက်နမ်တွင် အကြီးမားဆုံး စီးပွားရေး စင်တာဖြစ်လာမည်ဟု သိရပါသည်။ ၁၂ ဟတ်တာနီးပါးအကျယ်အဝန်းရှိသည့် ထိုဆောက်လုပ်မှု သည် ၂၀၂၇ ခုနှစ်တွင် ပြီးမြောက်ရန်မျှော်လင့်ရကြောင်းသိရပါသည်။ စတင်လည်ပတ်ပါက စင်တာသည် တစ်နှစ်လျှင်လည်ပတ်သူ ၁၀ သန်းရရှိရန်ခန့်မှန်းရပြီး နိုင်ငံတကာစံနှုန်းနှင့်ကိုက်ညီသည့် များစွာသော တန်ဖိုးမြင့်ထုတ်ကုန်များကို မိတ်ဆက်နိုင်မည်ဟု သိရပါသည်။ ပြည်နယ် ပြည်သူ့ကော်မတီ၏ ဥက္ကဌဖြစ်သူ Vo Tan Duc က ၎င်းသည် ပြည်နယ်၏အဓိကစီမံကိန်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်သည့် လုပ်ငန်စဉ်များအတွင်း အခက်အခဲများနှင့် အတားအဆီးများ ကိုဖြေရှင်းရန် ရင်းနှီးမြှုပ်နှံသူများအား တက်ကြွစွာပံ့ပိုးပြီး အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန် သက်ဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းခဲ့ကြောင်း သိရ ပါသည်။ Duc က စီမံကိန်းအတွက် အများပြည်သူပံ့ပိုးမှုနှင့် ဆက်သွယ်မှုအားကောင်းရန်လိုအပ် ကြောင်းအသားပေးပြောကြားခဲ့ပြီး Viet Phat နှင့် ၎င်း၏မိတ်ဖက်များအား ဆောက်လုပ်ရေးတွင် လုံခြုံရေး၊ အရည်အသွေး ပြည့်မီရေးနှင့် စီမံကိန်းအချိန်မီပြီးမြောက်ရေးအတွက် ရရှိနိုင်သည့် အရင်းအမြစ်အားလုံးကို အဓိကထားလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)