တောင်ကိုရီးယားရင်းနှီးမြှုပ်နှံသူများအား ဗီယက်နမ်သို့ဆွဲဆောင်ရာတွင်ပေါင်းကူးတံတား သဖွယ် ဆောင်ရွက်ပေးရန် Charmvit Group တိုက်တွန်းခံရ

Powered by Drupal

          ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ Ho Duc Phoc က တောင်ကိုရီးယားနိုင်ငံ Charmvit Group အား လာမည့်အချိန်တွင် တောင်ကိုရီးယားရင်းနှီးမြှုပ်နှံသူများအား ဗီယက်နမ် သို့ဆွဲဆောင်ရာတွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေးရန် ဇန်နဝါရီလ ၁၀ ရက်နေ့က ‌တောင်းဆိုခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံတန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး GDP ကြီးထွားနှုန်း ၇.၀၉ ရာခိုင်နှုန်းရှိခဲ့ကာ စုစုပေါင်း ပို့ကုန်-သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀၀ ဘီလီယံကျော် ရှိခဲ့ကြောင်းသိရပါသည်။ ထိုအချက်များသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အလွန်သင့်လျော်သော ဝန်းကျင်ကို ဖန်တီးနိုင် ခဲ့ကြောင်း သိရပါသည်။ Phoc က ဗီယက်နမ်သည်နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိသည့် အရည်အသွေးမြင့်ကာ ထိရောက်မှုမြင့်မားသော စီမံကိန်းများကို ဆွဲဆောင်ရန်စိတ်ဝင်စားကြောင်း၊  Hoa Binh ပြည်နယ်ရှိ Grand Plaza ကြယ်ငါးပွင့်ဟိုတယ်နှင့် Phoenix ဂေါ့ဖ်ကွင်း အစရှိသည့် Charmvit ၏ ထိရောက်မှုရှိသော စီမံကိန်းများကို ကျေနပ်အားရမှုရှိကြောင်းနှင့် ထိုစီမံကိန်းများသည် ဗီယက်နမ်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အပေါင်းလက္ခဏာဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ Group ၏ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ခြင်းနှင့် ဗီယက်နမ်သို့နေရာပြောင်းရွှေ့ခြင်း ကို ကြိုဆိုခြင်းနှင့်အတူ Phoc က ဗီယက်နမ်အစိုးရသည် တောင်ကိုရီးယားစီးပွားရေးလုပ်ငန်းများ အတွက် အခြေအနေ ကောင်းများ ဖန်တီးပေးရန်အဆင်သင့်ဖြစ်နေကြောင်းနှင့် တောင်ကိုရီးယား လုပ်ငန်းများအား ခွင့်ပြုထားသည့်စီမံကိန်းများအကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ ဗီယက်နမ်အေဂျင်စီ များနှင့် အနီးကပ်ညှိနှိုင်းဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် Phoc၊ Charmvit Group ၏ ဥက္ကဌဖြစ်သူ Lee Ho Woong၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတအရင်းအမြစ်မှ တာဝန်ရှိသူများနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများသည် ဟနွိုင်းမြို့တွင် ဘက်စုံဖျော်ဖြေရေးရုံ နှင့် မြင်းပြိုင်ကွင်း တည်ဆောက်ရန်စီမံကိန်းအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Lee ကလည်း ဗီယက်နမ်ရှိ Charmvit Group ၏ စီမံကိန်းများနှင့် ဟနွိုင်း ၏ Soc Son စီရင်စုရှိစီမံကိန်းတွင်ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးအချို့ကို ပြောကြားခဲ့ကြောင်း သိရပါသည်။ ထိုအမေရိကန်ဒေါ်လာ သန်း ၄၂၀ တန်ဖိုးရှိသည့် စီမံကိန်းအတွက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဝန်ကြီးချုပ်ဖြစ်သူထံမှ မူအားဖြင့်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း သိရပါသည်။ ၎င်း၏ရင်းနှီးမြှုပ်နှံသူများမှာ ဟနွိုင်းခရီးသွားကော်ပိုရေးရှင်းနှင့် တောင်ကိုရီးယား နိုင်ငံ၏ Global Consultant Network Co.ltd တို့ဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)