၂၀၂၄ ခုနှစ်တွင်တရုတ်နိုင်ငံ၏လျှပ်စစ်နှင့်ဟိုက်ဘရစ်ကား(Hybrid)ရောင်းချရမှု ၄၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းကားအသင်းပြောကြား

Powered by Drupal

          စွမ်းအင်သစ်မော်တော်ယာဉ်များအတွက်ဝယ်လိုအား ဆက်လက်မြင့်တက်သောကြောင့် ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ၌ လျှပ်စစ်နှင့် ဟိုက်ဘရစ်ကားရောင်းချရမှုသည် ၂၀၂၃ ခုနှစ် ကထက် ၄၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်ခရီးသည်တင်ကားအသင်းက ပြောကြား ခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိစွမ်းအင်သစ် မော်တော်ယာဉ် လက်လီရောင်းချရမှုသည် အစီးရေ သန်းပေါင်း ၁၀.၈၉၉ စီးရှိခဲ့ကြောင်းသိရပါသည်။ တရုတ် လျှပ်စစ်ကားဈေးကွက်သည် အစိုးရ၏ထောက်ပံ့ပေးမှုကြောင့် လတ်တလောနှစ်များတွင် သိသာ စွာ ကြီးထွားခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် စွမ်းအင်သစ်မော်တော်များ(NEVs) ရောင်းချ ရမှုသည် စုစုပေါင်းမော်တော်ယာဉ်ရောင်းချရမှု၏ ၄၇.၆ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ဒီဇင်ဘာလတွင် ထိုမော်တော်ယာဉ်များရောင်းချရမှုပမာဏမှာ အစီးရေ ၁.၃ သန်းကျော်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထက် ၃၇.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ၅ လဆက်တိုက် အစီးရေ ၁ သန်း ကျော် ရောင်းချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ သုံးစွဲမှုနှေးကွေးမှုက အကျိုးအမြတ်ရရှိမှုတွင် ထိခိုက်စေသည့် ဈေးနှုန်းယှဉ်ပြိုင်မှုများ ဖြစ်လာခြင်းကြောင့် ကမ္ဘာ့အကြီးဆုံးကားဈေးကွက်ကြီး ဖြစ်သည့် တရုတ်တွင် ပြည်တွင်းကားထုတ်လုပ်သူများအကြား ပြိုင်ဆိုင်မှုပြင်းထန်လျှက် ရှိကြောင်း သိရပါသည်။ BYD သည် တရုတ်ဈေးကွက်တွင် ရှင်းလင်းသောဦးဆောင်သူအဖြစ် ပေါ် ထွက်လာကြောင်းသိရပါသည်။ ရှန်ဇန်မြို့အခြေစိုက်သည့် BYD သည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ် ဝှမ်း ကားအစီးရေ ၄ သန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရပါသည်။ အခြားတစ်ဖက်တွင်လည်း ပြည်ပအင်အားကြီး ကားကုမ္ပဏီကြီးများသည် တရုတ်နိုင်ငံတွင် ရောင်းအားကျဆင်းမှုနှင့် ရင်ဆိုင် နေရကြောင်း သိရပါသည်။

DOCA(ရန်ကုန်)