
အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီးဖြစ်သူ Budi Santoso က နိုင်ငံ၏ BRICS သို့အဖွဲ့ ဝင်အဖြစ်ဝင်ရောက်နိုင်မှုသည် ပို့ကုန်မြင့်တက်လာနိုင်မည်ဟု အကောင်းမြင်သုံးသပ်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားအစိုးရသည်တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်လျှက် ရှိပြီး ပြည်ပကုန်သွယ်မှုပံ့ပိုးပေးရန် များစွာသောပူးပေါင်းဆောင်ရွက်မှုများကို ရှာဖွေလိမ့်မည်ဟု သိရပါသည်။ ဝန်ကြီးက ၎င်းတို့သည် ပို့ကုန်မြှင့်တင်နိုင်ရန်အတွက် ဒေသတွင်းနှင့်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဟုပြောကြား ခဲ့ပါသည်။ ဝန်ကြီး၏အဆိုအရ အင်ဒိုနီးရှားသည် BRICS သို့ဝင်ရောက်ခြင်းအပါအဝင် များစွာသော စီးပွားရေးပူးပေါင်းဆောင်ရွက် မှု အမျိုးအစာအားလုံးကို ဆက်လက်တံခါးဖွင့် ထားကြောင်း သိရပါသည်။ Santoso က၎င်းတို့၏ BRICS သို့ဝင်ရောက်ခြင်းသည် အပြန်အလှန်အကျိုးကျေးဇူးရှိမည်ဟု မျှော်လင့်ရပြီး အသေးစိတ် လေ့လာမှုအပေါ် အခြေခံ ဆုံးဖြတ်ကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ဥပဒေလေ့လာမှု ဗဟိုစင်တာ၏အဆိုအရ BRICS သို့ဝင်ရောက်ခြင်းသည် တင်ပို့ရာဈေးကွက်တိုးချဲ့ခြင်းစည့် အကျိုးကျေးဇူးသစ်များ ရရှိနိုင်ကြောင်း သိရပါသည်။ စင်တာ စီးပွားရေးညွှန်ကြားရေးမှူးဖြစ်သူ Nailul Hudu က အင်ဒိုနီးရှား၏ တင်ပို့မှုသည် အစဉ်အလာဈေးကွက်များဖြစ်သည့် အမေရိကန် နှင့် ဥရောပကို မီခိုနေရကြောင်းနှင့် BRICS သို့ဝင်ရောက်ခြင်းအားဖြင့် ထိုဈေးကွက်များမှ ကင်းလွတ်ကာ ဈေးကွက်သစ်များရရှိနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဥရောပသည် ကမ္ဘာ့ ကုန်သွယ်မှုတွင် မကြာခဏသဘောထားကွဲလွဲမှုဖြစ်သည့် အင်ဒိုနီးရှား၏ပို့ကုန်မူဝါဒနှင့် ပတ်သတ်၍ စတင်အဆင်မပြေဖြစ်လျှက်ရှိကြောင်း သိရပါသည်။ ဥရောပသည် အင်ဒိုနီးရှား၏ ပြည်ပ ကုန်သွယ်မှုကို ဥပမာအားဖြင့် စားအုန်းဆီတင်ပို့မှုကိုစိန်ခေါ်မှုများဖြစ်စေမည့် ဥရောပသမဂ္ဂ သစ်တောပြုန်းတီးမှုကာကွယ်ရေးဥပဒေဖြင့် ဟန့်တားရန်စတင်လာကြောင်းသိရ ပါသည်။ Hudu ကအင်ဒိုနီးရှားသည် BRICS သို့မဟုတ် OECD ဖြစ်စေ အဖွဲ့တစ်ခုတည်း၏ ခေါင်းဆောင်မှုဘက်တွင် ပူးပေါင်းမှုမပြုသည့်တန်ဖိုးကို သရုပ်ပြနေကြောင်းနှင့် နိုင်ငံရေး ရွေးချယ်မှုနှင့် စီးပွားရေးမိတ်ဖက်ဖွဲ့မှုသည် အနာဂတ်စီးပွားရေးကြီးထွားမှုကို တွန်းအားပေး နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ BRICS အဖွဲ့တွင် ကမ္ဘာ့ GDP ၏ ၃၇.၈၂ ရာခိုင်နှုန်းနှင့် ကမ္ဘာ့လူဦးရေ၏ ၄၈ ရာခိုင်နှုန်း ပမာဏရှိကြောင်းသိရပါသည်။
DOCA(ရန်ကုန်)