ဗီယက်နမ်နိုင်ငံ Da Nang မြို့တော်ရှိ Hi-tech Park တွင် ပထမဆုံး Database စင်တာတည်ဆောက်မည်

Powered by Drupal

          ဗီယက်နမ်နိုင်ငံ Da Nang မြို့တော်ရှိ Hi-tech Park တွင် Database စင်တာစီမံကိန်း အတွက် ရင်းနှီးမြှုပ်နှံမှုကမ်းလှမ်းချက်ကို စက်မှုဇုန်အာဏာပိုင်အဖွဲ့(HPIZA) က ခွင့်ပြုပေးခဲ့ ကြောင်း သိရပါသည်။ Da Nang HPIZA က ထိုစင်တာကိုစီမံကိန်းကို IDC Joint Stock ကုမ္ပဏီ က အမေရိကန်ဒေါ်လာ ၃၂ သန်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်၍ တည်ထောင်သွားမည်ဟု ကြေညာခဲ့ ကြောင်းသိရပါသည်။ ထိုစီမံကိန်းကို ဇူလိုင်လ ၂၀၂၅ တွင် စတင်ဆောက်လုပ်ပြီး ၂၀၂၆ နှင့်၂၀၂၇ ကြားတွင် စတင်လည်ပတ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ထိုစီမံကိန်းတွင် Cloud လုပ်ငန်းစဉ်များ၊ AI Application များနှင့် ဆိုက်ဘာလုံခြုံရေးဝန်ဆောင်မှုများ ပါဝင်မည်ဟုသိရပါ သည်။ Da Nang HPIZA ၏ အဆိုအရ နိုင်ငံ၏စက်မှုဇုန် ၆ ခု၊ Hi-Tech Parkနှင့် IT Park တို့သည် အမေရိကန်ဒေါ်လာ ၁.၃၅ ဘီလီယံတန်ဖိုးရှိသော ပြည်တွင်းစီမံကိန်း ၃၉၆ ခုနှင့် အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံတန်ဖိုးရှိသော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၂၅ ခုပါဝင်သော စုစုပေါင်းစီမံကိန်း ၅၂၁ ခုတို့ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ သတင်းအချက်အလက် နည်းပညာနှင့် ဆက်သွယ်ရေးဦးစီးဌာန၏တင်ပြချက်အရ ICT လုပ်ငန်းသည် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ရရှိခဲ့ပြီး ထိုပမာဏထဲမှ အမေရိကန်ဒေါ်လာ ၁၆၅ သန်း သည် Software တင်ပို့မှုမှဖြစ်ကြောင်း သိရပါသည်။ ဒစ်ဂျစ်တယ်စီးပွားရေးသည် မြို့တော်၏ ဒေသတွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GRDP) တွင် ၂၁ ရာခိုင်နှုန်းပါဝင်ကြောင်း သိရ ပါသည်။

DOCA(ရန်ကုန်)