အင်ဒိုနီးရှားနိုင်ငံသည် ကာဗွန် ကုန်သွယ်မှုကို စတင်သွားမည်

Powered by Drupal

အင်ဒိုနီးရှားအစိုးရသည် ၎င်း၏ ပထမဆုံးပြည်ပ ကာဗွန်ရောင်းဝယ်ရေးအား ဇန်နဝါရီ ၂၀ ရက်နေ့တွင် စတင်ရန် အဆင်သင့်ဖြစ်နေပြီဟု နိုင်ငံ၏ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနက ၁၀.၁.၂၀၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ကာဗွန်လဲလှယ်မှု မှတစ်ဆင့် ပထမဆုံးနိုင်ငံခြားကာဗွန်ကုန်သွယ်မှုကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မဟာဗျူဟာ မြောက် စွမ်းအင်စီမံကိန်းများစွာ ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး Hanif Faisol Nurofiq က National Registry System ၏ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းအပြင် အခြေခံ အဆောက်အအုံနှင့် အခြားကိရိယာများ ပြင်ဆင်မှုတို့ကို သေချာစေခြင်းဖြင့် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ National Determined Contribution စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း ကာဗွန်ကုန်သွယ်မှုသည် အင်ဒိုနီးရှား၏ ရာသီဥတုပစ်မှတ်များကို အကောင်အထည်ဖော်ရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးက အာမခံခဲ့သည်။ အင်ဒိုနီးရှားသည် ၎င်း၏ကိုယ်ပိုင်ကြိုးပမ်းမှုများမှတစ်ဆင့် ဓာတ်ငွေ့ထုတ်လွှတ်မှု ၃၁.၈၉ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတကာအကူအညီဖြင့် ၄၃.၂၀ ရာခိုင်နှုန်း လျှော့ချရန် ကတိပြုထားပြီး ၂၀၆၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှတ်မှု လုံးဝကင်းစင်ရန် ရည်မှန်းထားကြောင်းသိရသည်။

DOCA(ရန်ကုန်)