လာအိုနှင့် ဗီယက်နမ်တို့သည် နယ်စပ်ဖြတ်ကျော် QR ကုဒ် ငွေပေးချေမှု ချိတ်ဆက်မှုကို စတင်

Powered by Drupal

လာအိုနှင့် ဗီယက်နမ်တို့သည် ၎င်းတို့၏ နယ်စပ်ဖြတ်ကျော် လက်လီငွေပေးချေမှုစနစ် များကို QR ကုဒ်များဖြင့် ချိတ်ဆက်ကာ  ငွေပေးချေမှုဝန်ဆောင်မှုကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ကြာသပတေးနေ့တွင် တရားဝင်စတင်ခဲ့သော ဤပဏာမခြေလှမ်းသည် ခရီးသွားများ အတွက် ငွေကြေးလွှဲပြောင်းမှုများကို ရိုးရှင်းလွယ်ကူစေရန်နှင့် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်။ ကနဦးအဆင့်တွင် ဗီယက်နမ်နိုင်ငံ သားများသည် လာအိုတွင်ရှိစဉ် QR ကုဒ်များကို အသုံးပြု၍ ငွေပေးချေမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ လာအိုနိုင်ငံသားများသည် ဒုတိယအဆင့်အနေဖြင့် ဗီယက်နမ်တွင် QR ကုဒ်ငွေပေးချေမှု စနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် ပြီးစီးရန် မျှော်မှန်း ထားကြောင်း လာအိုဗဟိုဘဏ်၊ အစီရင်ခံစာအရ သိရသည်။ .QR ကုဒ်နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်သည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း ငွေလွှဲခြင်းနှင့် ငွေပေးချေမှုများကို မြှင့်တင်ရန် လာအိုနိုင်ငံ၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် လာအိုနှင့် တရုတ်တို့သည် ၎င်းတို့၏ e-banking နှင့် အပြန်အလှန် ငွေပေးငွေယူ ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် QR ငွေပေးချေမှု စနစ်ကို မိတ်ဆက်ခဲ့ပြီး ခရီးသွားများကို ငွေသားမပါဘဲ ငွေပေးချေမှုများ ပြုလုပ်နိုင်စေခဲ့ သည်။၂၀၂၄ ခုနှစ် ဧပြီလတွင် လာအိုနှင့် ထိုင်းတို့သည် နှစ်နိုင်ငံကြား စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းကို အားကောင်းလာ စေရန်အတွက် နယ်စပ်ဖြတ်ကျော် QR ငွေပေးချေမှု ချိတ်ဆက်မှုကို စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် လာအိုနှင့် ကမ္ဘောဒီးယားတို့ကလည်း ခရီးသွားများအား ၎င်းတို့၏ ပြည်တွင်း ငွေကြေးများကို အသုံးပြုနိုင်ရန် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်ကို စတင်ခဲ့ကြောင်းသိရ သည်။

DOCA(ရန်ကုန်)