![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/16_35.jpg?itok=SJpOXGjy)
ဗီယက်နမ်တွင် သစ်သီးဖြန့်ဖြူးနည်းလမ်းအသစ်ဖြစ်သော TikTok တိုက်ရိုက်ထုတ်လွှင့်မှုမှ တစ်ဆင့် အေးခဲထားသော ဒူးရင်းသီးထောင်ပေါင်းများစွာကို ပထမဆုံးအကြိမ် ရောင်းချခဲ့ရ ကြောင်းသိရသည်။ ဟနွိုင်းရှိဖောက်သည်အများစုကို ပစ်မှတ်ထားသည့် ၈.၁.၂၀၂၅ ရက်နေ့ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုကိုအစိုးရ၊ TikTok၊ ပို့ဆောင်ရေးကုမ္ပဏီ Viettel Post နှင့် သစ်သီးဖြန့်ဖြူးသူ Chanh thu တို့ ပူးပေါင်းစီစဥ်ခဲ့ကြောင်း Tuoi Tre သတင်းစာကဖော်ပြခဲ့သည်။ ဒူးရင်းသီးနှစ်လုံး ပါသည့် ငါးကီလိုဂရမ်တစ်ဗူးအား VND ၉၀၀၀၀၀ ဖြင့် ရောင်းချခဲ့ပြီးဝယ်ယူ သူများသည် ၃၆ % အထိလျှော့စျေးဖြင့် ဝယ်ယူနိုင်ခဲ့ကြသည်။ ဒူးရင်းသီများသည် ဗီယက်နမ်နိုင်ငံ ထုတ် R16 အမျိုး အစားဖြစ်ပြီးပို့ကုန်စံချိန်စံညွှန်းပြည့်မီရန် အာမခံထားသည်။ သစ်သီးဖြန့်ဖြူးသူ Chanh Thu ၏ လက်ထောက် CEO ဖြစ်သူ Ngo Tuang Vy မှဒူးရင်းသီးကို လတ်လတ်ဆတ်ဆတ် အေးခဲထားခြင်း ကြောင့်ရောင်းချရသည်မှာ ပိုမိုလွယ်ကူပြီး ၁၀ ရက်အတွင်း ထွက်ရှိသောခြံမှ စားသုံးသူများထံ ပေးပို့သင့်သည်ဟုဆိုသည်။ သို့သော် အေးခဲထားသော ဒူးရင်းသီများအား ၂ နှစ်အထိ ထိန်းသိမ်း ထားနိုင်ပြီး အရသာ၏ ၉၅% အားထိန်းထားနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ Viettel Post ပို့ဆောင်ရေးကုမ္ပဏီမှ သစ်သီးများအားဝယ်ယူသူများထံသို့ နှစ်နာရီအတွင်း အခမဲ့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဝန်ကြီးဌာန ၏ စိုက်ပျိုးရေးကုန်သွယ်မှုမြင့်တင်ရေးစင်တာမှ ဒါရိုက်တာ Nguyen Minh Tien က Phap Luat HCMC သတင်းစာအားတိုက်ရိုက်ထုတ်လွှင့်မှုသည် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းအပါအဝင် အေးခဲ ဒူးရင်းများကို အကြီးစားရောင်းချခြင်း၏ ပထမ ခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)