Neta သည် Compact SUV ကားနှစ်စီးဖြင့် စင်္ကာပူစျေးကွက်သို့ဝင်ရောက်

Powered by Drupal

          ဇန်နဝါရီ ၉ ရက်နေ့တွင် Neta Auto သည် Singapore Motor Show တွင် ၎င်း၏ ပွဲဦးထွက် အဖြစ် Neta X နှင့် Neta AYA ကားမော်ဒယ်များကိုကြေညာခဲ့ပြီး စင်္ကာပူစျေးကွက်တွင်းသို့ စတင် ဝင်ရောက်ခဲ့သည်။ အခမ်းအနားတွင် Neta သည် အမှာစာ ၅၂ ခုအား လက်ခံရရှိပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည်။ Neta ၏ အဆိုအရ Neta X နှင့် Neta AYA တို့သည် စင်္ကာပူနိုင်ငံ၏ NEV စံနှုန်းများအောက်တွင် ဒေသဆိုင်ရာအသိအမှတ်ပြုလက်မှတ်များပြီး မြောက်ပြီး မကြာမီကာလ အတွင်း ခြေလှမ်းသစ်များကို စတင်နိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ Neta ပြည်ပဌာနခွဲ၏ VP ဖြစ်သော Neta အမှုဆောင် Sun Guang က စင်္ကာပူသည် ကုမ္ပဏီအတွက်အဓိက စျေးကွက်တစ်ခု ဖြစ်ကြောင်းပြောကြားခဲ့သည်။ Neta X သည်ကျစ်လစ် သော SUV ကားဖြစ်ပြီး Neta AYA သည် ၂၀၂၃ ခုနှစ်တွင် အဆင့်မြင့်တင်ထားသော အသေးစား SUV ကားဖြစ်သည်။ Neta X နှင့် Neta AYA နှစ်မျိုးလုံးအား ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင်လည်း ရောင်းချလျှက်ရှိသည်။ Neta သည် တရုတ်အပြင် ထိုင်းနှင့်အင်ဒိုနီးရှား တွင် ထုတ်လုပ်မှုစင်တာများရှိသည်။ ဇန်နဝါရီ ၆ ရက်နေ့တွင် Neta ၏ ဝက်ဘ်ဆိုဒ်တွင် ပျက်စီးမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် ဝက်ဘ်ဆိုဒ် ကိုပုံမှန်အတိုင်းပြုပြင်ခဲ့သော်လည်း ကုမ္ပဏီနှင့်ပတ်ဝန်းကျင်ရှိ အပျက်သဘောဆောင်သည့် သတင်းများကို ဖြေရှင်းခဲ့ရသည်။ Neta ၏ စင်္ကာပူပွဲဦးထွက်သည် ကုမ္ပဏီအတွက် Fang ၏ အလှည့်အပြောင်းအစီအစဥ်ကို ဆက်လက်လုပ်ဆောင်နေခြင်းဖြစ်သည်။ Neta သည် အာရှ အလယ်ပိုင်း၊ အရှေ့တောင်အရှ၊ လက်တင်အမေရိကနှင့် တောင်အမေရိကတို့တွင် စျေးကွက်များ ဝင်ရောက်ပြီးသော ခိုင်မာသော ပြည်ပစျေးကွက်များတွင် တည်ရှိနေသည်။ Neta သည် နောက်ထပ် တိုးတက်မှုအတွက် ဥရောပနှင့်သြစတြေးလျ စျေးကွက်များကို ရှာဖွေလျှက်ရှိ ကြောင်းသိရသည်။

DOCA(ရန်ကုန်)