CAC မှ ၂၀၂၅ ခုနှစ်အတွင်း သီဟိုဠ်စေ့အထွက်နှုန်းတန်ချိန် ၇၀၀,၀၀၀ နှင့် ၉၀၀,၀၀၀ အကြား ထွက်ရှိရန်ခန့်မှန်းထား

Powered by Drupal

          ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း (CAC) မှ ရာသီဥတုအခြေအနေနှင့်ဆက်စပ်၍ နိုင်ငံတော်၏ သီဟိုဠ်စေ့အထွက်နှုန်းသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၇၀၀,၀၀၀ မှ ၉၀၀,၀၀၀ အကြား ကျဆင်းထွက်ရှိရန်ခန့်မှန်းထားသည်။ CAC ဥက္ကဋ္ဌ UonSilot က ရာသီဥတု ဖောက်ပြန်မှုသည် ယခုနှစ် သီဟိုဠ်စေ့ရိတ်သိမ်းမှုဆိုးရွားစွာထိခိုက်စေမည်ကိုစိုးရိမ်ကြောင်းနှင့် ရာသီဥတုကောင်းမွန်ပါက ၂၀၂၅ ခုနှစ်အတွက် သီဟိုဠ်စေ့အထွက်နှုန်းသည် ၂၀၂၄ ခုနှစ်နှင့်တူညီ မည်ဟု ခန့်မှန်းထားသည်။ (CAC) သည် ရာသီရတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ခုခံရန် ရေရှည်ခိုင်မြဲသော စီမံကိန်းတစ်ခုအဖြစ် အလေ့အကျင့်ကောင်းများကို အကောင်အထည်ဖော်ရန် ထောက်ခံအားပေးနေကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသည် ပုံမှန်းအားဖြင့် သီဟိုဠ်စေ့ရိတ်သိမ်း ရာသီကို ဖေဖော်ဝါရီလတွင် စတင်ပြီး မေလတွင်ကုန်ဆုံးကြောင်း UonSilot ကထပ်မံပြောကြားခဲ့ သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) ၏အဆိုအရ ကမ္ဘောဒီးယား နိုင်ငံသည် မြေမျက်နှာပြင်ဧရိယာအလိုက် သီဟိုဠ်စေ့စိုက်ပျိုးမှုတွင် ကမ္ဘာ့တတိယအဆင့်တွင် ရပ်တည်နေပြီးခန့်မှန်းခြေအားဖြင့် ၅၈၀,၁၁၇ ဟက်တာရှိကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် စာရင်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် သီဟိုဠ်စေ့တန်ချိန် ၈၅၀,၀၀၀ တန်ထုတ်လုပ်ခဲ့ပြီး ၂၆.၈ ရာခိုင်နှုန်း တိုးတက်လာကာ တန်ချိန် ၈၁၅,၀၀၀ တင်ပို့ခဲ့ပြီး ၃၁ ရာခိုင်နှုန်းတိုးတက်ခဲ့သည် ။

DOCA(ရန်ကုန်)