ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်တင်ပို့မှုမှ ကန်ဒေါ်လာ ၄၉၁ သန်းရရှိခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဆန် ၆၅၁,၅၂၂ တန်တင်ပို့ခဲ့ပြီး စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၄၉၁ သန်းရရှိခဲ့ကြောင်း ကမ္ဘောဒီးယားဆန်စပါးသင်းချုပ် (CRF) က ထုတ်ပြန်ခဲ့ သောအစီရင်ခံစာအရ သိရသည်။ ကုမ္ပဏီစုစုပေါင်း (၅၇) ခုသည် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံပေါင်းနှင့် ဒေသပေါင်း ၆၈ ခုသို့ ဆန်တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံသည် ကုန်စည်၏ အဓိကဝယ်ယူသည့်နိုင်ငံဖြစ်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ဆန် ၁၁၇,၉၅၂ တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၇၅.၆ သန်းရရှိခဲ့ကြောင်း အစီရင်ခံစာအရသိရသည်။ ဆန်တင်ပို့မှုစုစုပေါင်း၏ ၇၆.၁၅ ရာခိုင်နှုန်းသည် ဆန်မွှေး၊ ၁၈.၇ ရာခိုင်နှုန်းသည် ဆန်ဖြူ၊ ၃.၁ ရာခိုင်နှုန်း ပြုတ်ဆန်၊ ၁.၇၈ ရာခိုင်နှုန်း အော်ဂဲနစ်ဆန်ဖြစ်ပြီး ၀.၂၇ ရာခိုင်နှုန်း အခြားဆန်အမျိုးအစားများဖြစ်ကြောင်း CRF အထွေထွေအတွင်းရေးမှူး Lun Yeng က ထုတ်ဖော်ပြောကြားခဲ့သည်။ ကမေ္ဘာဒီးယားနိုင်ငံ စိုက်ပျိုး‌ရေး၊ သစ်တောနှင့် ရေလုပ်ငန်း  ဝန်ကြီးဌာန (MAFF) မှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ စိုက်ပျိုးရေးထွက်ကုန်များအတွက် အဓိကဈေးကွက်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)