ဗီယက်နမ်နှင့်ရုရှားတို့ကုန်သွယ်ရေးဆက်နွယ်မှုအားကောင်း

Powered by Drupal

          ဗီယက်နမ်နှင့်ရုရှားတို့သည် အတိတ်ကာလများတွင် ကုန်သွယ်မှုပမာဏသိသာစွာ ကြီးထွားမှုနှင့်အတူ ကုန်သွယ်ရေးနှင့်စီးပွားရေးဆက်နွယ်မှု အားကောင်းခဲ့ကြောင်း ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးဖြစ်သူ Vladimir Ilichev က ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သတင်းအေဂျင်စီနှင့်အင်တာဗျူးတွင် ဗီယက်နမ်-ရုရှား စီးပွားရေး-ကုန်သွယ်ရေးနှင့်သိပ္ပံ အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ ဒုတိယဥက္ကဌ လည်းဖြစ်သူ Ilichev ကက၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၂ ကထက် ၈.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ထိုအားကောင်းမှုသည် ၂၀၂၄ ခုနှစ်ထိဆက်လက်ရရှိခဲ့ကာ ၂၀၂၄ ခုနှစ်၏ ပထမဆယ်လတွင် ၂၃.၉ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြား ဘက်စုံထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်များ တည်ထောင်မှုနှင့်အတူ စီးပွားရေးမိတ်ဖက် ဖွဲ့မှုသည် အစဉ်အလာကုန်သွယ်ရေးကို ကျော်လွန်ခဲ့ကြောင်း သိရပါသည်။ ဟနွိုင်းနှင့် ဟိုချီမင်း မြို့တော်တို့သည်လည်း ရုရှားကုမ္ပဏီများအတွက် မလေးရှားနှင့် ထိုင်းပါဝင်သော အရှေ့တောင် အာရှဈေးကွက်များသို့တိုးချဲ့ရန် အရေးပါသော သယ်ယူပို့ဆောင်ရေးအချက်အချာများအဖြစ် ပေါ်ထွက်လာကြောင်း သိရပါသည်။ ဝန်ဆောင်မှုကဏ္ဍတွင်လည်း တည်ငြိမ်သော နာလံထူမှုရရှိ ခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် ဗီယက်နမ်သို့ရုရှားခရီးသွားလာရောက်မှုမှာ ၈၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၃ ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့သည့် e-commerce ဗီဇာစနစ်ကြောင့် ရုရှားသို့ ဗီယက်နမ်ခရီးသွားလာရောက်မှုမှာလည်း တည်ငြိမ်စွာကြီးထွားခ ခဲ့ကြောင်းသိရပါသည်။ ပူးတွဲစီးပွားရေးလုပ်ငန်းများမှာလည်း သိသာထင်ရှားသည့်မှတ်တိုင် တစ်ခု သို့ရောက်ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် Vietsovpetro သည်ရေနံ တန်ချိန် သန်း ၂၅၀ ထုတ်ယူ နိုင်ခဲ့ပြီး Gaz Group သည်၂၀၂၂ ခုနှစ်မှစ၍ မော်တော်ယာဉ်များကို အောင်မြင်စွာတပ်ဆင် နေကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်တွင် နျူကလိယသိပ္ပံစင်တာစီမံကိန်းမှာ စီစဉ်ထား သည့်အတိုင်း တိုးတက်လာပြီး ဗီယက်နမ်၏ TH True Milk နို့ထွက်ပစ္စည်းစက်ရုံသည်လည်း ရုရှားတွင် ထုတ်လုပ်မှုများတိုးချဲ့လျှက်ရှိကြောင်း သိရပါသည်။ ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် များစွာသော ဧရိယာများလည်းရှိနေပြီး ရုရှားရင်းနှီးမြှုပ်နှံသူများသည် ဗီယက်နမ်၏ ဆေးဝါး၊ မုန့်မျိုးစုံလုပ်ငန်း နှင့် အော်ဂဲနစ်အလှကုန်ပစ္စည်းကဏ္ဍများတွင် စိတ်ဝင်စားလျှက်ရှိကြောင်း သိရပါသည်။ ရုရှား နိုင်ငံ၏ကုန်အမှတ်တံဆိပ်များသည်လည်း ဗီယက်နမ်၏ e-commerce platform များတွင် အားကောင်းစွာတည်ရှိလျှက်ရှိကြောင်း သိရပါသည်။ ထို့ပြင်ရုရှား လုပ်ငန်း များသည် နျူကလိယ စွမ်းအင်၊ လေစွမ်းအင်နှင့် ရေစွမ်းအင် စီမံကိန်းများပါဝင်သည့် ဗီယက်နမ် ၏ အစိမ်းရောင်စွမ်းအင် နှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ပံ့ပိုးပေးရန်အဆင်သင့်ဖြစ်နေကြောင်း သိရပါသည်။ ထို့ပြင် ရုရှား သည် ဂြိုလ်တုနည်းပညာ၊ ဆိုက်ဘာလုံခြုံရေး၊ Smart Cities၊ cloud solutions နှင့် AI အစ ရှိသည့်လုပ်ငန်းများတွင် ဗီယက်နမ်နှင့်လုပ်ကိုင်ရန် ဆန္ဒရှိကြောင်း သိရပါသည်။ စီးပွားရေး ဆက်နွယ်မှုပိုမိုအားကောင်းရန်အတွက် ဝန်ကြီးက အကောက်ခွန် အတားအဆီးများလျှော့ချရန်၊ စံနှုန်းများကောင်းမွန်ရန်နှင့် ပူးတွဲစီမံကိန်းများထောက်ပံ့ရန် ကမ်းလှမ်းခဲ့ကြောင်းသိရပါသည်။ ပူးတွဲကနဦးဆောင်ရွက်မှုများလွယ်ကူချောမွေ့စေရန် အစိုးရချင်းကော်မတီမူဘောင်အောက်ရှိ IT ပူးပေါင်းဆောင်ရွက်မှုနှင့် ကျန်းမာရေးဝန်ဆောင်မှု များအတွက် လုပ်ငန်းအဖွဲ့များတည်ထောင် ပြီးဖြစ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)