ဗီယက်နမ်နိုင်ငံ Ba Ria- Vung Tau ပြည်နယ်သည် စက်မှုကုန်ထုတ်လုပ်မှုစီမံကိန်းသစ် များမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉၇ သန်းရရှိရန် မျှော်လင့်ရကြောင်း စက်မှုနှင့်ကုန်သွယ်ရေး ပြည်နယ်ဦးစီးဌာန၏ အဆိုအရသိရပါသည်။ ယခုနှစ်တွင် စက်မှုစီမံကိန်း ၂၁ ခု စတင်လည်ပတ် မည်ဟု ဌာနကပြောကြားခဲ့ပါသည်။ ၎င်းတို့တွင် တောင်ကိုရီးယားနိုင်ငံ Hyosung Group ၏ အမေရိကန်ဒေါ်လာ သန်း ၅၄၀ တန် ကာဗွန်ဖိုက်ဘာစက်ရုံ၊ Hai Linh ကုမ္ပဏီ၏ အမေရိကန် ဒေါ်လာ သန်း ၆၀ နီးပါး တန် Cai Mep- Phu My ပိုက်လိုင်းနှင့် Phu My ဂတ်စ်ဖြန့်ဖြူးရေးရုံနှင့် Otsuka Nutraceutical Vietnam ကုမ္ပဏီ၏ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးတန် Pocari စက်ရုံ အစရှိသည့် များစွာသော ကြီးမားသည့်စီမံကိန်းများ ပါဝင်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ် တွင် စီမံကိန်းသစ် ၃၁ ခုသည် ပြည်နယ်၏စက်မှုဇုန်များတွင် စတင်လည်ပတ်ခဲ့ပြီး ထုတ်လုပ်မှုတန်ဖိုးနှင့် ဝင်ငွေရရှိမှု မြင့်တက်ရန်ကူညီပေးခဲ့ပြီး များစွာသောစက်မှုထုတ်ကုန်သစ် များကို ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် Ba-Ria – Vung Tau ပြည်နယ်၏ စက်မှုကုန်ထုတ်လုပ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်ကထက် ၁၂.၉၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ရည်မှန်း ချက် ဖြစ်သည့် ၁၀.၁၁ ရာခိုင်နှုန်းကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ Phu My 3 အထူး စီးပွားရေးဇုန်သည် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် မတည်ရင်းနှီးမြှုပ်နှံငွေ ရှိသည့် ရင်းနှီး မြှုပ်နှံသူ ၄၆ ခုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။ ၎င်းတို့တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပ၊ အမေရိကန်၊ ထိုင်ဝမ်၊ တရုတ်နှင့် များစွာသောအခြားနိုင်ငံများမှ ကော်ပိုရေးရှင်းများ ပါဝင်ကြောင်းသိရပါသည်။ ၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင် ထိုစက်မှုဇုန် သည် ဂျပန်၊ တရုတ်၊ ဟောင်ကောင်နှင့်ဗီယက်နမ် ထံမှ ဗီယက်နမ်ဒေါင် ၂၁ ထရီလီယံ တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု ၉ ခုကို ရရှိခဲ့ကြောင်း သိရပါသည်။ ပြည်နယ်စီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှဦးစီးဌာန၏ ညွှန်ကြား ရေးမှူး ဖြစ်သူ Le Ngoc Linh က ယခုနှစ်တွင် ပြည်နယ်သည် အုပ်ချုပ်မှုပြုပြင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် တိုးတက်ရေးအတွက် ပြတ်သားပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော စီမံချက်များ အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့ပါ သည်။ ထို့ပြင် Linh က ၎င်းတို့သည် အဓိက စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်မှုမြှင့်တင်ရန် နည်းပညာအခြေခံ အဆောက်အအုံ အထူးသဖြင့် ဗီယက်နမ်တွင်း အခြားဒေသများနှင့် ချိတ်ဆက်မှုမြှင့်တင်ရန် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက် ရေး အရှိန်မြှင့်တင်မည်ဟု ပြောကြားခဲ့ပါသည်။
DOCA(ရန်ကုန်)