ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ဒူးရင်းသီးတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန် ဒေါ်လာ ၃.၃ ဘီလီယံ ရရှိခဲ့ခြင်းနှင့်အတူ ကမ္ဘာ့ဒူးရင်းသီးဈေးကွက်တွင် အင်အားကြီးနိုင်ငံသစ် အဖြစ်ပေါ်ထွက်လာခဲ့ကြောင်း သိရပါသည်။ ရင်းနှီးမြှုပ်နှံသူများ၏အဆိုအရ နိုင်ငံ၏ဒူးရင်းသီး တင်ပို့မှုသည် ၂၀၂၂ ခုနှစ်ကထက် ၇.၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စုစုပေါင်း သစ်သီးနှင့်ဟင်းသီး ဟင်းရွက်တင်ပို့မှုတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းရှိကြောင်းသီရပါသည်။ ထိုအောင်မြင်မှုသည် တရုတ် နိုင်ငံထံမှ ဝယ်လိုအားကောင်းလာမှုကြောင့်ဖြစ်ကြောင်း သိရပါသည်။ နိုဝင်ဘာ ၂၀၂၄ တွင် တရုတ်သည် အမေရိကန်ဒေါ်လာ ၆.၈၃ ဘီလီယံတန်ဖိုးရှိသော ဒူးရင်းသီးတန်ချိန် ၁.၅၃ သန်း တင်သွင်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်သည် တရုတ်ဈေးကွက်ဝေစု ၄၇ ရာခိုင်နှုန်းပိုင်ဆိုင် ထားပြီး ထိပ်ဆုံးတွင်ရပ်တည်နေသည့် ထိုင်းနိုင်ငံ၏နောက် နီးကပ်စွာတည်ရှိနေကြောင်း သိရ ပါသည်။ ဒူးရင်းသည် ဒူးရင်းဟော့ပေါ့၊ ဒူးရင်းပေါင်မုန့်နှင့် ဒူးရင်းဘူဖေး အစရှိသည့် ဆန်းသစ် တီထွင်ထားသောထုတ်ကုန်များနှင့်အတူ တရုတ်လူလတ်တန်းစားအကြား လူကြိုက်များလျှက် ရှိကြောင်း သိရပါသည်။ ထို့ကြောင့် ဗီယက်နမ်သည် ဈေးကွက်ဝယ်လိုအားများနှင့် ပြည့်မီရန် အရည်အသွေးမြင့်ထုတ်လုပ်ခြင်းတွင် အရင်းနှီးပြုလျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်၏ ထို အောင်မြင်မှုသည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာ၊ အရည်အသွေးတိုးတက်မှု၊ နည်းပညာဆန်းသစ် တီထွင်မှု နှင့် နိုင်ငံတကာဈေးကွက်တိုးချဲ့မှု တို့ကြောင့်ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့်တည်ထောင် ခဲ့သည့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးသဘောတူညီချက်သည် ဗီယက်နမ်၏ ဒူးရင်းတင်ပို့မှုကို အားကောင်းစေခဲ့ကြောင်း သိရပါသည်။ ထို့ပြင် ဗီယက်နမ်သည် တင်းကျပ်သည့်အစားအစာလုံခြုံစိတ်ချရမှု စံနှုန်းများ ထားရှိခြင်း နှင့် ခေတ်မီအေးခဲနည်းပညာများ ကိုအကောင်အထည်ဖော်လျှက်ရှိကြောင်း သိရပါသည်။ ဗီယက်နမ်၏ဒူးရင်းအောင်မြင်မှုသည် မဟာဗျူဟာမြောက်စီမံကိန်းသည် ပြည်တွင်းစိုက်ပျိုးရေးထုတ်ကုန်အား တန်ဖိုးမြင့်ကမ္ဘာ့ စားသောက်ကုန်အဖြစ် အသွင်ပြောင်းနိုင်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)