ရန်ကုန်တိုင်းဒေကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့်အညီ စားအုန်းဆီဖြန့်ဖြူးရောင်း ချနေမှုအခြေအနေအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
ထို့သိုကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံမှ ရပ်ကွက်များ အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချလျှက်ရှိသော ဘုရင့်နောင် (၅)လမ်း၊ ရွှေဆံတော်ရပ်ကွက်၊ ဦးစိန်လင်း စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်ခဲ့ပြီး တွံတေးရပ်ကွက် ကျေးရွာများရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်ခွဲတမ်းရ စားအုန်းဆီများအား လုံလောက်စွာ ချပေးထားခဲ့ပြီးဖြစ်၍ စားအုန်းဆီဈေးနှုန်းမှန်ကန်စေရေးအတွက် အပတ်စဉ်တနင်္လာနေ့တိုင်း စားအုန်းဆီသတ်မှတ်အခြေခံရည်ညွှန်းဈေးအား ထုတ်ပြန်ပေးလျှက်ရှိ၍ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှု အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ မပြုလုပ်ရန် စားသုံးသူကာကွယ်ရေးပသိပညာပေးဆွေးနွေး ပြောကြားခဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။
DOCA(ရန်ကုန်)