စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ဆန်၊ ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ခရိုင်ရုံးမှဝန်ထမ်း (၃)ဦးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့ တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ ဆန်၊ဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်  (၂)ဆိုင်၌  ဖြန်ဖြူး ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ (၂/၂၀၁၉) ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်ရှိ “စိုးစံ”ဆန်၊ဆီနှင့် ကုန်မျိုးစုံဆိုင်၊ “ကိုသူရ”ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ၌ ရောင်းချနေသော “MAX+” အမှတ်တံဆိပ် လိမ္မော်အရသာအချိုရည်(၁.၂၅လီတာ)ဘူးများသည် ညွှန်ကြားချက်(၂/၂၀၁၉)နှင့် ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက ဆိုင်ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချကြရန် ဆွေးနွေးပြောကြားခဲ့ပြီး   စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း (၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)