
စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဈေးများဌာနနှင့် ပူးပေါင်း၍ (၁၀.၁.၂၀၂၅) ရက်နေ့ တွင် မြောက်ဒဂုံ မြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချသည့် လက်ကားဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စားအုန်းဆီရောင်းချသော လက်ကားအရောင်းဆိုင်များ အနေဖြင့် စားအုန်းဆီများကို(၂%)အမြတ်၊သယ်ယူစရိတ်ပေါင်း၍ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ စားအုန်းဆီလိုအပ်ချက်အပေါ် ဗူးသွပ်ဆီများ၊ ရောနှောဆီများ ရောင်းချခြင်း မပြုလုပ်ရန်၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်အလို့ငှာ စားအုန်းဆီများကို သိုလှောင်ထားခြင်းမပြုရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် ၊ ထိုသို့ပြုလုပ်သည်များကို စစ်ဆေးတွေ့ရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အရေးကြီးသည့် ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စားအုန်းဆီ လက်ကားဖြန့်ဖြူးသည့် ဆိုင်(၃)ဆိုင် အား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)